အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ...နားလည်မှုနဲ့ ယုံကြည်မှု.အလိုက်သတိပြုသစ္စာရှိပါ.ယုယပါ.ချစ်သူ့ဝတ်ငါးဖြာ.....

Monday, 28 May 2012

ချစ်သူ့လက်ဆောင်

ကျွန်တော့်၇ဲ့အသက်(၂၅)နှစ်ပြည့်မွေးနေ့မှာချစ်သူဆီက၇ခဲ့တဲ့ဖုန်းချိတ်လေးပေါ့ကျွန်တော့်ဘဝမှာ
အရမ်းကိုတန်ဖိုးထားရတဲ့ပစ္စည်းလေးတစ်ခုပါ
ဒီလက်ဆောင်လေးကိုချစ်သူက၂၇က်နဲ့၂ညလုပ်ပေးခဲ့၇တယ်သူမအားတဲ့ကြားကနေပြီးဒီအရုပ်လေးကိုသူ့ရဲ့
ရင်ထဲကကျွန်တော့်အပေါမှာထားတဲ့မေတ္တာ စေတနာ ချစ်ခြင်းတွေနဲ့အတူတူဒီအရုပ်လေးကိုလုပ်ပေးပြီးတော့
ကျွန်တော့်ကိုမွေးနေ့လက်ဆောင်ပေးခဲ့တယ်  အရမ်းကိုပျော်တာပဲလက်ဆောင်ကိုရတဲ့အချိန်က
ကျွန်တော့်နဲ့ချစ်သူနဲ့မှာအဲအ၇ုပ်လေးပုံစံတူ၇ှိနေတယ်ချစ်သူကအဲအ၇ုပ်လေးကိုလုပ်ပေးချိန်
မှာသူ့ရဲ့ပါးစပ်ထဲကိုတောင်အပ်ဝင်သွားတယ်သူကျွန်တော့်အပေါမှာဘယ်လောက်ချစ်လည်းဆိုတာ
ကျွန်တော်အသိဆုံးပါသူ့ကိုလည်းကျွန်တော့်နှလုံးသား၇ဲ့အနက်၇ှိင်းဆုံးနေ၇ာကချစ်ခဲ့တာပါ
ကျွန်တော်အ၇မ်းလည်းချစ်တယ်  အရမ်းလည်းမြတ်နိုးတယ်  အရမ်းလည်းတန်ဖိုးထားတယ်
ကျွန်တော့်၇င်ထဲကသစ္စာစကားပါဖူးကိုချစ်ခဲ့တာ..

ချစ်သူကျင့်ဝတ်

နားလည်မူနဲ့ ယုံကြည်မူ အလိုက်သတိပြု
သစ္စာရှိပါ ယုယပါ ချစ်သူ့ဝတ်ငါးဖြာ...
I+90'+Circle+the half of X+the end of E+U

နှလုံးသားအလွမ်း

ချစ်သူ
ဒီလို...တိတ်ဆိတ်တဲ့ညတွေမှာ
ရင်ထဲကအချစ်တွေ
နှလုံးသားထဲက  အလွမ်းတွေကို
ချစ်သူသိအောင်   ပြောပြခြင်တယ်
ငါ့နှလုံးသားရဲ့
အနက်၇ှိင်းဆုံးနေ၇ာမှာ
မင်းလေးတစ်ယောက်သာ
အမြဲ၇ှိနေတယ်ဆိုတာ
ချစ်သူ....သိပါစေ

Sunday, 27 May 2012

ချစ်သူ့အလွမ်း

အချိန်တွေကိုဂ၇ုမစိုက်တတ်တဲ့ငါ
               နာ၇ီတွေကိုခဏခဏကြည့်နေတတ်ပြီး
               နေ့၇က်တွေလည်းအလေးမထား
             ဘယ်တော့မှမမှတတ်တက်တဲ့.........ငါ
          စနေ.......တနင်္ဂနွေဆိုတာကို
       မျှော်နေတတ်ပြီး........
          မင်းနဲ့မတွေ့တဲ့အချိန်တွေဆိုလေ.......
           ချစ်သူ........မျက်လုံးကိုမှိတ်နှလုံးသားထဲက
         
         ချစ်သူ့ပုံ၇ိပ်ကိုမြင်ေ၇ာင်ကြည့်၇င်း
         အပြုံးတွေနဲ့၇င်ခုန်နေတတ်ပြီး
         ချစ်သူ...
         တစ်ဖြည်းဖြည်းနဲ့မင်းလေး
          နေ၇ာယူနေလိုက်တာ
         ငါ့........ဘဝ၇ဲ့
         အ၇ာ၇ာတောင်ဖြစ်လို့
          နေခဲ့ပြီး............ပေါ့

Friday, 25 May 2012

မျှော်လင့်တောင်းတသောနေ့လေး

ရှင်သန်နေတဲ့
အသက်လေးတခုနဲ့
နေရက်တွေတိုင်းမှာ
ဖူးကိုသတိရနေမိတယ်

နေ့နေ့ညညအချိန်တွေကို
ဖူးနဲ့သာအတူတူဖြတ်သန်းရင်း
မျှော်လင့်သောဆန္ဒတခုကို
စိတ်ကူးပုံဖော်နေမိတယ်

ခံစားနေရတဲ့
အလွမ်းရက်တွေကို
သတိရတဲ့အချိန်တွေကို
ချစ်လေးသိလောက်မယ်ထင်ပါတယ်

ချစ်ရက်နဲ့ဝေးကွာနေရတဲ့
အချိန်တွေနေ့ရက်တွေကို
ဖြတ်ကျော်ရင်းချစ်
စိတ်တွေတိုးတိုးလာမိတယ်

တကယ်ပါ
ဘဝမှာတကြိမ်သာဆုတောင်းခွင့်ရရင်ချစ်
နဲ့နီးဖို့ဆုတောင်းမိတယ်

ဝေးနေရတဲ့
အချိန်တွေကိုအမြန်
ဖူးနဲ့နီးစေဖို့နှလုံးသားထဲက
တိတ်တိတ်ကလေး

မျှော်လင့်တောင်းတရင်း.......

ချစ်သူနဲ့အမှတ်တရ(DANGA BEACH)







  

Thursday, 24 May 2012

ကောင်မလေးတွေမသိဘူး တဲ့နော်.....တားတားတို့ အဖြစ်ပေါ့နော်...ဟိဟိ (ညီမလေးဖူးအတွက်)

ကောင်မလေးတွေမသိဘူး

ကောင် မလေး တွေ မသိ ဘူး ကောင် လေး တွေ ဘာ ကြောင့်  ကောင် မလေးတွေ ဆီ က ချစ်
အဖြေ ကို မျှော် လင့်  တကြီး စောင့် စား ခဲ့  တယ် ဆို တာ …..
 
ကောင် မလေး တွေ မ သိ ဘူး ကောင် လေးတွေ ဟာ အမြင် ပိုင်းအရ မာကျော ကြမ်း တမ်း ပေ
မယ့်  နူးညံ့  တဲ့  နှလုံး သား လေး တွေ ပိုင် ဆိုင် ကြတယ်ဆိုတာ ကို ……..
 
ကောင် မလေး တွေ မ သိ ဘူး ဘာလို့ ကောင် လေး တွေ သူတို့ ကောင် မလေး တွေ
စိတ်ကောက်တဲ့ အခါ မနေနိုင် မထိုင်နိုင် လိုက်ချော့  ပြီး စိတ်ဆိုးပြေ
သွားတဲ့ကောင် မလေး
မျက်နှာ ကို တွေ့  ရ မှ အမော ပြေသွားတယ် ဆို တာ …………
 
ကောင် မလေးေ တွ မသိ ဘူး ကောင် လေး တွေ လက်ဖက်ရည် ဆိုင်ထိုင်တဲ့  အခါ သူတို့ 
ကောင် မလေး တွေ အကြောင်း ကို မပါ မ ဖြစ်ပြောတတ်တယ်ဆို တာ ………..
 
ကောင် မလေးတွေ မသိ ဘူး ကောင်လေးတွေ ကတကယ်ချစ် မိ ပြီ ဆို ရင် သူချစ်တဲ့
ကောင်မလေးအတွက် ဘာ ပဲ လုပ်ရလုပ်ရ လုပ်ပေးနိုင်တဲ့  စွမ်းအားတွေရှိတယ်ဆိုတာ……
 
ကောင် မလေး တွေ မ သိဘူး ကောင်လေး တွေ က သူတို့ ချစ်တဲ့ ကောင် မလေး တွေဆီ
ကအချစ်ကို ရ ဖို့  ဆို ရင် မာ န တွေ ခဝါ ချ ပြီး ဒူးထောက်အညံ့ ခံ ဖို့ ဝန် မလေး
ဘူး
ဆို တာ …………
 
ကောင် မလေး တွေ မသိဘူး လိုင်းကားတိုးစီး ရင် ကို့ ကောင် မလေး ကို
လူတိုးမခံရအောင်လို့  ကောင်လေး တွေ က နာ ကျင်မှု ကို ဟန် ဆောင်ပြုံး ရင်း ကာကွယ်
ပေး တတ် တာ ……….
 
ကောင် မလေး တွေ မသိ ဘူး ကောင် လေး တွေ ဘယ်လောက်အလုပ်များများ သူတို့ 
ကောင် မလေး တွေ ကို အချိန် တိုင်းသတိရနေ တယ် …….. အချိန်တိုင်း လွမ်းနေတတ်
တယ်ဆိုတာ သူတို့  ကောင် မလေး တွေ က သူ့ တို့ အတွက် အလှဆုံးနတ်သမီးတစ်ပါး
လို့  အမြဲ တမ်း ယုံကြည်ထားတယ်ဆိုတာ ………………
 
ကောင် မလေး တွေ မသိ ဘူး ကောင် လေး တွေ
အိပ်ခါနီး အချိန် မှာ သူတို့ ကောင်မလေး တွေ အကြောင်းစဉ်းစားပြီးမှ အိပ်လို
့ပျော်တယ် ..
အိမ်မက် ထဲ အထိ လဲ သူတို့ ကောင်မလေး တွေ ကိုအပါ ခေါ် သွားတတ်တယ်ဆို တာ ….
 
ကောင် မလေး တွေ မသိ ဘူး ကောင် လေး တွေ က သူတို့ ကောင် မလေး တွေ ကို ဘာ ကြောင်
့နမ်း တယ်ဆို တာ ကို …………….
 
ကောင် မလေး တွေ မသိဘူး ကောင်လေး တွေ က အငတ် ခံ ပြီး ရတဲ့ မုန့် ဖိုးတွေ ကို
ကောင်မလေး တွေ အတွက် လက်ဆောင်တွေ ၊ ပန်းစည်းတွေ ဝယ်ပေး ရတယ်ဆို တာ……..
 
ကောင် မလေး တွေ မသိ ဘူး ကောင် လေး တွေ က သူ တို့  ဘဝမှာ ကောင် မလေးတွေရဲ့ 
အချစ်ဦး ဖြစ် ခွင့်  မ ရ ရင်တောင် မှ ကောင် မလေး တွေရဲ့  နောက်ဆုံး
အချစ်ဖြစ်ချင်တဲ့ စိတ် ထားလေး တွေ ရှိတယ်ဆိုတာ ကို …………
 
 
ကောင် မလေး တွေ မ သိ ဘူး ကောင် လေး တွေ က စိတ် ကူဆန်းဆန်းလေး တွေနဲ့ 
သူတို့ကောင် မလေး တွေကို ပျော်ရွင်ကြည်နူးစေ ချင် ကြတယ် ….
ဥပမာ ။ ။ ကောင်မလေး ကို သူကိုယ်တိုင်လုပ်ထားတဲ့  သီချင်းခွေတစ်ခွေ ပေးတာ
မျိုး ပေါ့ 
 
ကောင် မလေး တွေ မသိ ဘူးကောင် မလေး တွေ က ကောင် လေး တွေကို ထားခဲ့  ပြီး
နောက်ထပ် အသစ်တစ်ယောက် ကို ချစ်သွားတဲ့  အခါ … မျက်ရည် တွေနဲ့  အရက်ဆိုင်
မှာ တစ်ခြားအရက်သမားကြီး တွေ ကို ကြေကြေကွဲကွဲ ရင်ဖွင့်  ရင်း ကို့ ကို ထားခဲ
့တဲ့ 
ချစ်သူ ကောင်မ လေး ကို တမ်းတ ရင်း ဘဝ ပျက် သွားတာ မျိုး တွေရှိတယ်ဆို တာ ….
 
 
ကောင် မလေး တွေ မသိ ဘူး ကောင်လေးတွေ ဟာ သူတို့ ကောင် မလေး တွေ ကို အရမ်းချစ်
လေ့  ရှိ တယ် ဆို တာ ကို ပေါ့  ………….တကယ်တော့  ကောင်လေး တွေ ဟာစွန့် လွတ်မှုကို
အခြေ ခံ တဲ့ အချစ်မျိုး ကို ပိုင်ဆိုင် ထားကြ တာ ပါ ……….
 
အောင်သက်ခိုင်     http://aungthetkhing.blogspot.com/

သူငယ်ချင်းဥာဏ်ဇော်အတွက်အမှတ်တရကဗျာ

          ကောင်းခြင်းဆိုးခြင်း

                                         အချစ်ရေ..............ှ

                                         ကောင်းသောစစ်ပွဲမရှိသလို

                                         ဆိုးသောငြိမ်းချမ်းရေးဆိုတာမရှိပါဘူး

                                         ကောင်းသောအသည်းကွဲခြင်းမရှိသလို

                                         ဆိုးသောမင်္ဂလာပွဲဆိုတာမရှိပါဘူး

                                         ကိုယ်နဲ့မင်းဟာ

                                         ကောင်းသောငြိမ်းချမ်းမှုတွေနဲ့

                                         ကောင်းသောဆုံဆည်းခြင်းတွေကြားမှာ

                                         ကောင်းသောမင်္ဂလာပွဲလေးကျင်းပကြမယ်

                                         တနေ့နေ့မှာပေါ့ အချစ်ကလေးရယ်

                                              
                                              အောင်မျိုးဦး(ကျောင်းကုန်း)