အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ...နားလည်မှုနဲ့ ယုံကြည်မှု.အလိုက်သတိပြုသစ္စာရှိပါ.ယုယပါ.ချစ်သူ့ဝတ်ငါးဖြာ.....

Sunday 3 June 2012

သူတို့ေ၇းတဲ့အချစ်ဒသန

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်
တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ်
တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

ကိုအောင်သက်ခိုင်အတွတ်

Friday 1 June 2012

ဖူး နှင့် ချစ်သူ့ လက်ဆောင်(Valentine's Day)


ဒါလေးက ဖူးတန်ဖိုးထားရတဲ့ ပစ္စည်းလေးနောက်တစ်ခုပေါ့...ချစ်သူများနေ့ မှာ ကို့ က ဖူးကို လက်ဆောင်ပေးခဲ့တာ...ဖူးအနားမှာ အမြဲရှိမဲ့အရာလေးကိုရွေးခဲ့တာပေါ့...ဖူးရဲ့ အချိန်တိုင်းကိုနာရီလေးနဲ့ အတူဖြတ်သန်းတယ်... ဘယ်အချိန်ရှိပြီလည်းဆိုပြီးနာရီကြည့်တိုင်း ချစ်သူကိုသတိရတယ်...
 ဖူးနှလုံးသားထဲကအကြင်နာ၊ရင်ထဲကမေတ္တာတွေနဲ့အတူ ကို့ ကိုအရမ်းချစ်တယ်... ကို့ ကဖူးဘ၀ရဲ့အချစ်ရဆုံးပဲ... ကို့ကိုအမြဲအားပေးနေချင်တယ်...ကို့ နားမှာပဲအမြဲရှိချင်တယ်... ကို့ ကိုအမြဲပျော်ပြီးစိတ်ချမ်းသာစေချင်တယ်... ဖူးပျော်ရွင်ချိန်မှာ ကိုနဲ့တူတူလက်တွဲပြီးဘ၀ကိုဖြတ်သန်းမယ်... ဖူးဝမ်းနည်းချိန်မှာကို့ ရင်ခွင်ထဲမှာနေခွင့်ရချင်တယ်...
ချစ်သူများနေ့ ကစပြီး ယုံကြည်နားလည်မှုတွေနဲ့ ဘ၀ရဲ့နေ့ သစ်တွေကို ဖူး နဲ့ ကို အတူတူဖြတ်သန်းကြမယ်...
ဖူးနှလုံးသားထဲက ဖူးဘ၀ရဲ့ နောက်ဆုံးထွက်သက်အထိ ကို့ အချစ်တွေနဲ့အတူတူ ကို့ ရင်ခွင်ထဲမှာ 
ရှင်သန်နေမယ်..ချစ်သူများနေ့ အမှတ်တရလက်ဆောင်နာရီလေးနဲ့အတူ မိနစ်တိုင်း၊စက္ကန့် တိုင်း အရမ်းသတိရတယ်...အရမ်းလည်းချစ်တယ်...အရမ်းလည်းလွမ်းတယ် ချစ်သူရယ်.....

ဖူး


Thursday 31 May 2012

မောင့်ချစ်သူ

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားအွန်လိုင်း ရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ် စတင်ပြီ


မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို အသံလွင့် အစီအစဉ်များကို ဇွန်လ ၁.၆.၂၀၁၂ သောကြာနေ့မှစတင် အသံလွင့်ပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံအတွင်း အချိန်နှင့်တပြေးညီ မီဒီယာ လုပ်ငန်းများအတွက် ရည်ရွယ်၍ ဖျော်ဖြေမှု အစီအစဉ်များကို နေ့စဉ် ၂၄ နာရီ အွန်လိုင်းရေဒီယို အစီအစဉ်များကို ထုပ်လွင့်ပေးမှာဖြစ်ပြီး ရေဒီယို အစီအစဉ်များတွင် သီချင်းများ အဓိက ဖျော်ဖြေပေးသွားမှာ ဖြစ်ကာ နေ့စဉ် ညပိုင်း အချိန်များတွင် တရားတော်များ ၊ ထုပ်လွင့်ပေးခြင်း အခါကြီးရက်ကြီးနေ့များတွင် အထူး အစီအစဉ်များဖြင့် တင်ဆက်ပေးခြင်း ၊ သတင်းများ ကြေငြာပေးခြင်း ...........

မလေးရှားနိုင်ငံအတွင်း အထူးအသိပေး လမ်းညွန်ချက်များ မလေးရှားနိုင်ငံအတွင်း မလေးရှား လမ်းညွန်များကို အင်တာနက် စာမျက်နှာပေါ်တွင် နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး အထူးအစဉ်အနေဖြင့် ဖုန်းမှတဆင့် သီချင်းတောင်းခြင်း ၊ အွန်လိုင်း သီချင်းတောင်းခြင်းများဖြင့် တင်ဆက်ပေးသွားမှာဖြစ်ကာ မလေးရှားရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်လေးမှာ မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ကြေငြာနိုင်ပါကြောင်း သိရှိရပါသည်။

http://api.ning.com/files/A9hKQkjG2K67frrqAvmHD9qPsVFm3901nPW5swuxxcPa7t*SUXqhP107lIEOZJLzHuynqanyRdpNoCFq0rfPjnChNqYhttp://www.blogger.com/img/blank.gifhQ5oi/nayzaw22.gif

မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ်များကို အင်တာနက် စာမျက်နှာပေါ်တွင်နေ့စဉ် ဝင်ရောက် လေ့လာဖတ်ရှု နားဆင်လိုပါက http://www.malaysiaonlineradiomedia.com/ နှင့် အသေးစိပ် အစီအစဉ်များကို အီးမေး ormm@malaysiaonlineradiomedia.com ဖုန်းနံပတ် ၀၁၀-၂၁၄၈ ၆၇၇ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင် ပါကြောင်း သိရှိရပါသည်။

Online Radio Media (Malaysia)

သီချင်း

Tuesday 29 May 2012

ဖူး နှင့် ချစ်သူ့ လက်ဆောင်(Birthday)

ဒီအရုပ်လေးက ဖူးငယ်ငယ်တည်းက လိုချင်ခဲ့တဲ့အရုပ်ကလေးပါ....ဖူးအသက်၂၃ နှစ်ပြည့်မွေးနေ့မှာ ဖူးသိပ်ချစ်ရတဲ့ချစ်သူက မွေးနေ့လက်ဆောင်ပေးခဲ့တာ...အရုပ်လေးကိုရတဲ့နေ့ကဖူးအရမ်းကိုပျော်တယ်...
 ဖူးအရုပ်လေးကိုအရမ်းလည်းချစ်တယ်...အရုပ်လေးကို သားသားလေးလို့ခေါ်တယ်...အမြဲတမ်းရင်ခွင်ထဲမှာ ဖက်ထားတယ်...ဖူးချစ်သူက ဖူးကို အမြဲပျော်နေပြီး စိတ်ချမ်းသာစေချင်တယ် ဆိုတာ ဖူးသိတာပေါ့ ....ဒီအရုပ်လေးနဲ့ဖူးချစ်သူကဖူးကို   ပျော်အောင် အမြဲလုပ်ပေးတယ်..
ဖူးချစ်သူကို ဖူးတန်ဖိုးထားတယ်...အားကိုးတယ်...ယုံလည်းယုံကြည်တယ်...အရမ်းလည်းချစ်တယ်... ခုချိန်မှာ ဖူးချစ်သူ က ဖူးနားမှာရှိမနေပေမဲ့ ချစ်သူ့ လက်ဆောင်အရုပ်လေးက ချစ်သူ့ ကိုယ်ပွားလေးပေါ့....

   ဖူး 

ဘယ်သူရှိမလဲ ....

Monday 28 May 2012

အနီးဆုံး၇င်ထဲ

နှလုံးသားရဲ့  အနက်၇ှိင်းဆုံး
တစ်နေ၇ာမှာ  ချစ်သူ၇ှိ၇င်
ဘယ်လောက်ဝေးဝေး
အနီးဆုံး၇င်ထဲမှာ    ၇ှိနေမှာပါ
ချစ်တယ်ဆိုတာထက်
ပိုတဲ့တမ်းတမူမျိုးကို
အလွမ်းလို့ခေါ၇င်
ကို  ..မင်းကို
အ၇မ်းလွမ်တယ်